လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရွက်

 



MNP - စက်တင်ဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း  အခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် ဈေးများအတွင်း ဈေးရောင်းဈေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ  ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။


 အမှတ်(၂)ရပ်ကွက်၊  အမှတ် (၃)ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်တို့တွင် လူစည်းကားနေရာဖြစ်သော  ကျောင်းများနှင့် ဈေးတို့တွင်  ရပ်ကွက်နေပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုနှင့် တားဆီးကာကွယ်ရေးတို့အတွက် Mask များကို စနစ်တကျတပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်လမ်းညွန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်မှီအောင် ထိုးနှံကြရန်နှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask) များတပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။


ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများ နှာခေါင်းစည်း Mask ပုံမှန်တပ်ဆင်ကြရန်၊ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာပြည်သူများကိုMask များအခမဲ့ ဖြန်ဝေပေးလျက်ရှိကြောင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်၍ အဖွဲ့ဝင် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းတို့ ပူးပေါင်း၍  ပါးစပ်၊ နှာခေါင်းစည်း  တပ်ဆင်ကြရန် Mask Campign အသိပညာပေး ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)