တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနိုင်းမြို့နယ်၌ ပြည်သူများနှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်



MNP - စက်တင်ဘာ   ၁၀


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန်  ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ၊ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာတတ်သည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လမ်းဆုံနေရာများ၌  ဆောင်ရွက်ခဲ့သည်။


အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊  မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ ပူးပေါင်း၍ ဒေသအတွင်း သွားလာကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ် မိဘပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းကမ်းချက်များ၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း Mask (၁၀၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


သတင်း - မနောမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)