မိုင်းပန်မြို့နယ်၌ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်သွားလာရေး Mask Campaignလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်သွားလာရေး Mask Campaignလုပ်



MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်ခြင်းကို မိုင်းပန်မြို့နယ်လူစည်ကားရာ မြို့မဈေးရှေ့နှင့် မွေတော်ဈေးရှေ့၌ ယမန်နေ့နံနက် ၆ နာရီအချိန်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာစေရေး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါသည် ယခုအခါ တစ်ချို့မြို့နယ်အတွင်း ပြန်လည်ပြန့်ပွား လျက်ရှိရာ မိုင်းပန်မြို့နယ်အတွင်း ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ကြစေရေး၊ နှာခေါင်းစည်း (Mask) များကို နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း စနစ်တကျ တပ်ဆင်သွားလာစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်း (Mask)များ နှင့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)