မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်သို့ ဆွမ်းခံကြွရောက်တော်မူသော သံဃာတော်များနှင့် ဆွမ်းလောင်းလှူသူများအား ဂျင်းပြုတ်ရည်တိုက်ပြီး နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်သို့ ဆွမ်းခံကြွရောက်တော်မူသော သံဃာတော်များနှင့် ဆွမ်းလောင်းလှူသူများအား ဂျင်းပြုတ်ရည်တိုက်ပြီး နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေ



MNP - စက်တင်ဘာ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဝါတွင်းကာလ ဆွမ်း၊ ဆွမ်းဟင်းများ အလှူခံကြွရောက်တော်မူလာသည့် သံဃာတော်အရှင်သူမြတ်များနှင့် လာရောက်လောင်း လှူသူများကို ယနေ့နံနက်ပိုင်းက ဂျင်းပြုတ်ရည်များ တိုက်ကျွေးပြီး၊ Mask များ အခမဲ့ဝေငှ ခဲ့ကြောင်းသိရသည်။


မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ ဝါတွင်းကာလ ဆွမ်း၊ ဆွမ်းဟင်းများ အပတ်စဉ် လောင်းလှူလျက်ရှိရာ ယခု (၁၁) ပတ်မြောက် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူပွဲသို့ ကြွရောက်တော်မူလာသည့် သံဃာတော်အရှင်သူမြတ် (၃၆၇) ပါး၊ ဆွမ်း၊ ဆွမ်းဟင်းလောင်း လှူသူနှင့် ကပ္ပတိယ (၆၃၃) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်တို့မှ ထန်းလျက်၊ ဂျင်း၊ ကွမ်းရွက်ပြုတ်ရည်တိုက်ကျွေးပြီး နှာခေါင်းစည်း (Mask) အခု (၁၀၀၀) ခု အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)