ပုဏ္ဏားကျွန်းမြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်



MNP - စက်တင်ဘာ   ၂၂


လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/ မြို့နယ်များအတွင်း MCCT အကျိုးခံစားခွင့်ရရှိသူများကို သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံးမှတစ်ဆင့် တာဝန်ယူထုတ်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့သည်။


အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို(၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၁၅၀၀ ဦးနှင့်ကလေးငယ် ၅၆၁၂ ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၁၀,၅၆၀၀၀ဝိ/)ကို စက်တင်ဘာ (၁၅)ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယမန်နေ့က ကျေးရွာအုပ်စု(၃၃)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် ၄၈၅ ဦးနှင့်ကလေးငယ် ၁၈၀၁ ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀,၁၅၅၀၀ဝိ/)တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


ဆက်လက်၍ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ တစ်ဆင့် MCCT အကျိုးခံစားခွင့်ရှိသူများထံသို့ ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများအတွက် MCCT အကျိုးခံစားခွင့်ရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဇံထံမှ သိရသည်။


သတင်း - နီထွန်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)