ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ်-၁ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ Myanmar Red Cross Society ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ်-၁ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ Myanmar Red Cross Society ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်




MNP - စက်တင်ဘာ  ၁၉


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ် ၁ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၂)ကို ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။


အဆိုပါ သင်တန်းတွင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြသီတာက သင်တန်းတက်ရောက်သူများအား အမှာစကားပြောကြားခြင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးခင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး Myanmar Red Cross Society  ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို စတင်ပို့ချခဲ့သည်။


အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ ဆေးထည့်ခြင်းနှင့်ပတ်တီးစီးခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းနှင့်ဆို့နင်ခြင်း၊ အရိုးကျိုးခြင်းကိုင်သွယ်ခြင်းနှင့် သယ်ဆောင်ခြင်းစသည့် (အခြေခံ) ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာလုပ်ငန်းများကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြခြင်း၊ သင်တန်းကို (၃)ရက် ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၃၈)ဦးခန့် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)