မိုင်းလုံမြို့တွင် အသက်(၅) နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်(၂၆၁)ဦးကို ဂျပန်ဦးနှောက် အမှေးရောင် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် အသက်(၅) နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်(၂၆၁)ဦးကို ဂျပန်ဦးနှောက် အမှေးရောင် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၅ နှစ်မှ အသက် ၉နှစ်ရှိ ကျောင်းသားကျောင်းသူများအား ဂျပန်ဦးနှောက်အမှေးရောင် ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကာကွယ်ဆေးထိုနှံရာတွင် မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ  ကျန်းမာရေးကြီးကြပ်-၁ ဆရာဦးမြစိုးက ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေ‌သော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ရောဂါကုသနိုင်တဲ့ဆေးဝါးမရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်‌ကြောင်းစသည့် အချက်များကို ပြောကြားပြီး‌နောက် ကျန်းမာရေးဝန်ထမ်းများက   ကျောင်းသား/သူ (၂၆၁)ဦး အား ကာကွယ်ဆေးထိုးနှံပေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့‌ကြောင်းကို  ကျန်းမာ‌ရေးကြီးကြပ်-၁ ဆရာဦးမြစိုးထံမှ သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)