နောင်ချိုမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အကြိုဂုဏ်ပြု သောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အကြိုဂုဏ်ပြု သောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP - စက်တင်ဘာ   ၁၉


၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်နှင့် သတင်း ရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ခေတ္တမြို့နယ်ရဲမှူး ရဲမှူး မိုးကျော်ဟန်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ စိတ်နှင့်သတင်း ရဲတပ်ဖွဲ့စိတ်တို့မှ စုစုပေါင်းအင်အား (၃၉)ဦးတို့သည် မြို့ဦးဘုန်းတော်ကြီးကျောင်းတိုက် သန့်ရှင်းသာယာလှပရေးအတွက်  ကျောင်းဝန်းအတွင်း၊ အပြင် အမှိုက်များသိမ်းခြင်း၊ ရေညှိများ တိုက်ချွတ်ဆေးကြောခြင်း၊ မြက်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများအတွင်းရွံ့မြေ၊ နှုံးမြေများနှင့် အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)