မိုင်းယောင်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဆီထွက်သီးနှံနေကြာနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ဝမ်တပ်ကျေးရွာအုပ်စု၊ ဟွေထမ်ကျေးရွာ၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မိသားစုဝင်ငွေရရှိဖို့ ဆီထွက်သီးနှံနေကြာနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးကြပါစို့အကြောင်းကို ဟောပြောဆွေးနွေးပြီး ကော်ဖီနှင့် နေကြာစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်စေရန် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေးနည်းပညာများကို  ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေး ဆောင်ရွက်ခဲ့သည်။


ထို့နောက် မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာမျိုးမြင့်ကျော်က ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါ ကြိုတင်ကာကွယ်ပါအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ရှိန်မြှင့်တင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာတို့ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းဖွင့်လှစ်ခြင်း၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ  တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)