ပေါက်ခေါင်းမြို့နယ် ကွမ်းအုံစုကျေးရွာ၌ NEP ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ကွမ်းအုံစုကျေးရွာ၌ NEP ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲ ကျင်းပ



MNP - စက်တင်ဘာ    ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကွမ်းအုံစုကျေးရွာတွင် NEP ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျေးရွာရှိ ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


ဖွင့်ပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် က အဖွင့်အမှာစကားပြောကြားပြီး၊ ပေါက်ခေါင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးမောင်မောင်ဇော် က NEP လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ကျေးရွာမီးလင်းရေးကော်မတီအတွင်းရေးမှူး ဦးအောင်ချိုမြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက်ကွမ်းအုံစုကျေးရွာ မီးလင်းရေးဆိုင်းဘုတ်အား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးဝင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ NEP ဖြင့် ကျေးရွာလျှပ်စစ်မီးစတင်ရရှိနေပြီဖြစ်ရာ ကွမ်းအုံစုကျေးရွာရှိ အိမ်ခြေ ၁၂၀ နှင့် အိမ်ထောင်စု ၁၂၅ စုတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)