မောင်တောမြို့ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်း ဆက်လက်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်း ဆက်လက်ပို့ချ




MNP ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်းကို ပြန်ကြား ရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community  Center ခန်းမ၌  ယနေ့ နေ့လယ် ၁ နာရီအချိန် က Zoom Meeting ဖြင့် ဆက်လက်သင်တန်း ပို့ချပေးလျက်ရှိသည်။ 

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံးမှ လက်ထောက် ညွန် ကြား ရေးမှူး ဦးဇော် ဇော်ဆန်းက  စာပေပစ္စည်းများ ထိန်းသိမ်းနည်း  ဘာသာရပ်တွင်  ရှေးဟောင်း ကျောက်စာ ၊ ပေ စာ စသည့်တို့ကို  ကာကွယ်နိုင်မှု ၊ စာပေယဉ်ကျေးမှုများကို ထိန်းသိမ်းမှု ၊  စာအုပ်စာပေများ သက်တန့်ရှည်ကြာစွာ ထိန်း သိမ်း မှု နည်း လမ်းများ ၊  ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ ၊ စာအုပ်စာပေသည့် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးပါပုံများ ၊ မှတ်တမ်း ၊မှတ်ရာ သမိုင်းများကို နောင်လာ ၊နောင်သာများ  ဖတ်ရှုနိုင်ရေးအတွက်  ဆောင်ရွက်ရမည့် အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်အတွင်းရှိ  ခရိုင်/မြို့နယ် ၊မြို့ရုံးများရှိ ဝန်ထမ်း (၁၁)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းတွင်  ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲမှု ဘာသာရပ် ၊ စာပေ ပစ္စည်းထိန်းသိမ်းနည်း ဘာသာရပ် ၊ မျိုးတူစုလုပ်ငန်းဘာသာရပ် တို့အား စက်တင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံး ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)