မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ



MNP ၊ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ ပြန်လာသည့် လူမှုကူညီရေး ယာဉ်တစ်စီးအား ယနေ့နံနက်အစောပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မောင်းနှင့် အကူယာဉ်မောင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့် မောင်နေလင်းဦး (ခ) အဘစ် (၂၀)နှစ် မောင်းနှင်ပြီး အကူယာဉ်မောင်းအဖြစ် မောင်ညီလင်းထွန်း (ခ) ဇူးဇူး(၁၉)နှစ်တို့ ၂ ဦးသည် အောင်မင်္ဂလာလူမှုကူညီရေးယာဉ်ဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ လူနာသွားရောက် ပို့ဆောင်ပြီး ရေးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့နံနက် ၁ နာရီခွဲအချိန်ခန့် သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက်မှ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မှာ လမ်း၏ယာဘက်မြေသားပေါ်သို့ ရောက်ရှိ ရပ်တန့်ခဲ့ပြီး ယာဉ်၏ဦးခေါင်းပိုင်းပျက်စီးကာ ယာဉ်မောင်း မောင်နေလင်းဦး(ခ) အဘစ်တွင် လည်ပင်းမိုင်းစ ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲမျက်ခုံးကွဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများနှင့် မောင်ညီလင်းထွန်း(ခ) ဇူးဇူးတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။


ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ကျန်းမာရေး အခက်အခဲများအား ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်နေသည့် ပရဟိတ လူမှုကူညီရေးယာဉ်များအား မိုင်းဆွဲတိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)