ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖြင့် ဆောင်ရွက်နိုင်ရေး သင်တန်းပို့ချခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖြင့် ဆောင်ရွက်နိုင်ရေး သင်တန်းပို့ချခြင်း အခမ်းအနားပြုလုပ်




MNP - စက်တင်ဘာ  ၂၄


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖြင့် ဆောင်ရွက်နိုင်ရေး သင်တန်းပို့ချခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အခြေခံလူဦးရေစာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများနှင့် ပတ်သက်၍ မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ မဲစာရင်းများ မှန်ကန်စေရေးအတွက် အစည်းအဝေး (၂) ကြိမ် ခေါ်ယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စက်တင်ဘာလ (၂၁) ရက်နေ့က သံတွဲခရိုင်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မဲစာရင်းများနှင့် လက်ရှိဆောင်ရွက်နေသည့် (Pilot Project) ဖြင့် ဆောင်ရွက်ရန် ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃) ခု၊ တင်းတောကျေးရွာအုပ်စု၊ ရဟိုင်ဖျား ကျေးရွာအုပ်စု စသည့် (၅) နေရာနှင့် ကျိန္တလီမြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ခု၊ စုစုပေါင်း (၈) နေရာတွင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ဆွေးနွေးချက်များအပေါ်  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရှေ့ပြေးစီမံချက်အရပြုစုပြီး လူဦးရေစာရင်းတွင် ၈၂၅၇၂ ဦး ရှိကြောင်း၊ စိစစ်မှုအနေဖြင့် ၇.၉၇% ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက် ၁၈ နှစ်အထက် ၃၀၉၀ ဦးနှင့် အသက် (၁၈) နှစ်အောက် ၅၉၀၆ ဦး ရှိနေသေးသည့် အတွက် ပန်းခင်းစီမံချက် (၂) အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေ ၈၂၅၇၂ ဦးကို  (Pilot Project) အနေဖြင့် စိစစ်ရ မည်ဖြစ်သည့်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်စုရပ်များ၌ အိမ်ခြေ၊ အိမ်ထောင်စုအလိုက် စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် Pilot Project ဆောင်ရွက်ရာတွင် မြို့နယ်အတိုင်အတာအနေဖြင့် စုပေါင်းညှိနှိုင်းဆောင်ရွက် သွားကြစေလို ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ရီက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ဖြည့်စွက်ရမည့်ပုံစံများ၊ စာရင်းများနှင့်ပတ်သက်၍ လည်းကောင်း၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ဖွေးဖွေးက လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) နှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ရမည့် လိုအပ်ချက်များအားလည်းကောင်း ဆွေးနွေးပြောကြား ခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် အစီအစဉ် များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့ဆောင်ရွက်ထားရှိမည့် အစီအစဉ်များကို အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)