MNP - စက်တင်ဘာ ၂
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်းလုပ်ငန်းများကို ပုသိမ်မြို့နယ်၊ စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်တာဝန်ရှိသူများက ပုသိမ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်နှင့် မြို့နယ်လဝကမှူးတို့က Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ပုသိမ်မြို့နယ်အနေဖြင့် ပြည်သူတစ်ဦးချင်း ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေး နိုင်(၄) မှတ်တမ်းများကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အိမ်ထောင်စုပမာဏ မူတည်ကိန်းအရ အိမ်ထောင်စုပေါင်း (၉၀၂၀၅)စုအား ရေးသွင်းရမည်ဖြစ်ပြီး နေ့ညမပြတ် အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိရာ (၁၇-၈-၂၀၂၂ မှ၂၉-၈-၂၀၂၂)ရက်နေ့အထိ အိမ်ထောင်စု (၃၈၇၇၇) ပြီးစီးပြီး (၄၂.၉၉)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ သိရှိရသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment