ကျောက်ဖြူမြို့၌ သဘာဝဘေးတုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ သဘာဝဘေးတုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲပြုလုပ်

 



MNP - စက်တင်ဘာ   ၂


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများအား ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးတုံ့ပြန်ရေး ဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲကို ဩဂုတ်လ (၃၁) ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းများအားကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီအဖွဲ့များ ဖွဲ့စည်းထားရှိရန်၊ ဘေးအန္တရာယ်ဆိုင်ရာများဖြစ် ပေါ်လာပါက အချိန်နှင်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကော်မတီများ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ကြရန် အစရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့များဖွဲ့စည်းရေး ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများက ဌာန၏လုပ်ငန်းများနှင့် လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)