MNP - စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွိုင်ခမ်းအမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နံနက်(၉)နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ လွှင့်တင်ဆောင်ရွက်ပြသပေးခဲ့ကြောင်း သိရသည်။
အသိပညာဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပေးပြီး လွိုင်ခမ်းအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာဒေါ်နန်းသန်းသန်းညွှန့်က အကြမ်းဖက်မှု အမျိုးအစားများ၊ ရင်းနှီးသူလက်တွဲဖော်မှ အကြမ်းဖက်ခြင်းအကြောင်း၊ ရင်းနှီးသူလက်တွဲဖော်မှ အကြမ်းဖက်ခြင်းဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ အကြမ်းဖက်ခံရသူများတွေကို အကူအညီ ပေးသည့်အခါ လုပ်ဆောင်ရမည့်အချက်များ၊ ဗဟိုပြုနည်းလမ်းအခြေခံမူ (၄) ခုအစရှိသည့် အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment