UEC အပေါ် မလျော်ဩဇာသုံးမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူအား ထောင်ဒဏ်သုံးနှစ်စီ ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

UEC အပေါ် မလျော်ဩဇာသုံးမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူအား ထောင်ဒဏ်သုံးနှစ်စီ ချမှတ်


MNP ၊ စက်တင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်ဩဇာသုံးမှုဖြင့်  ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူအား ထောင်ဒဏ်သုံးနှစ်စီကျခံရန် ယနေ့ စက်တင်ဘာ ၂ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်  UEC အား မလျော်ဩဇာ လွှမ်းမိုးမှုများရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမင်းသူအား ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)ဖြင့် စွဲဆိုထားတဲ့အမှုအား နေပြည်တော်ထောင်တွင်းအထူးတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်များအား ထုတ်နှုတ်ခံစားခွင့်မပြုကြောင်း သိရသည်။


ယခင်ချမှတ်ပြီးသည့် ပြစ်ဒဏ်များအရ ဒေါ်အောင်ဆန်းစုကြည်မှာ စုစုပေါင်း ထောင်ဒဏ် ၂၀နှစ်နှင့် ဦးဝင်းမြင့်မှာ စုစုပေါင်း ထောင်ဒဏ် ၅နှစ်အထိ ကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)