ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော Volunteer များကို ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော Volunteer များကို ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ  ၂၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Volunteer များ အားကျန်းမာရေးသုံးပစ္စည်း များပေးအပ်ပွဲအခမ်းအနားကို ညောင်ဦးမြို့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အနော်ရထာ ခန်းမခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန် ကကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်မှ မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံးမှ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိ Volunteer များ၊အသင်းအဖွဲ့များအား ထောက်ပံ့ပေးအပ်သော ကျန်းမာရေးသုံးပစ္စည်းများအားပေးအပ်ရခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားသည်။ပြီးနောက် တက်ရောက်လာသည့် Volunteer များမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာလအတွင်း လိုအပ်ချက် အခက်အခဲများကိုတင်ပြကြရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က လိုအပ်သည်များကူညီဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြန်လည် ဆွေးနွေးပြောကြားသည်။ ပြီးနောက် Volunteer များ၊အသင်းအဖွဲ့ များအား ကျန်းမာရေးသုံးပစ္စည်းများအား တာဝန်ရှိသူများကပေးအပ်ရာ Volunteer များ အသင်း အဖွဲ့များမှ လက်ခံရယူသည်။ကျန်းမာရေးသုံးပစ္စည်းအား Volunteer အသင်းအဖွဲ့ ငါးသင်းသို့ အသင်းတစ်သင်းလျှင် Hand Gel ဘူး(၄၀)၊ Mask ဘူး(၂၀)၊ Mask 95 (၁)ဘူး၊ PPE ဝတ် စုံ (၁၀)၊ မျက်မှန် (၂)စီး၊ OT (၁)ထုပ်၊ Gown အစုံထုတ် PPE အပါအဝင် (၄)စီးဆီအား Volunteer များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)