MNP ၊ စက်တင်ဘာလ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နေ (ဘ)ဦးနေမား၏သားဖြစ်သူ နေထွန်းနိုင်(ခ)မဲမ ကျဘမ်းလုပ်ကိုင်သူသည် မူးယစ် ဆေးဝါးရောင်း/ဝယ်မှု လုပ်ကိုင်နေကြောင်း သတင်းကြားချက်အရယမန်နေ့နံနက် ၁၀ ၃၀ အချိန်တွင် ဒုရဲမှူး ကျော်စိုး ၏ အနီးကပ်ကြပ်မတ်မှုဖြင့် ရဲအုပ်သန်းဝင်း ဦးစီးနယ်ထိန်းရဲတပ်ဖွဲ့ဝင်(၇)ဦးတို့မှ သက်သေ ဘူးသီးတောင်မြို့၊ ရွာမမွတ်ဆလင်ရွာ တာဝန်ခံ ဦးခင်မောင်၊ ရော်ဖိတ် ရာအိမ်မှူးတို့နှင့် အတူ သွားရောက်ဖမ်းဆီးရာ WY/Rစာတမ်းပါ(ပန်းရောင်)စိတ်ကြွရှုးသွပ်ဆေးပြား( ၄၈၇၅၀)ပြားဖမ်းဆီးရမိခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နေ (ဘ)ဦးနေမား၏သားဖြစ်သူ နေထွန်းနိုင်(ခ)မဲမ ကျဘမ်းလုပ်ကိုင်သူသည် မူးယစ် ဆေးဝါးရောင်း/ဝယ်မှု လုပ်ကိုင်နေကြောင်း သတင်းကြားချက်အရယမန်နေ့နံနက် ၁၀ ၃၀ အချိန်တွင် ဒုရဲမှူး ကျော်စိုး ၏ အနီးကပ်ကြပ်မတ်မှုဖြင့် ရဲအုပ်သန်းဝင်း ဦးစီးနယ်ထိန်းရဲတပ်ဖွဲ့ဝင်(၇)ဦးတို့မှ သက်သေ ဘူးသီးတောင်မြို့၊ ရွာမမွတ်ဆလင်ရွာ တာဝန်ခံ ဦးခင်မောင်၊ ရော်ဖိတ် ရာအိမ်မှူးတို့နှင့် အတူ ရဲစခန်းမြောက်ဘက်(၁)မိုင်ခန့်အကွာ ရွာမမွတ်ဆလင်ရွာတွင် အသင့်ယူစောင့်ဆိုင်း နေကြစဉ် နေထွန်းနိုင်(ခ)မဲမမှာ ဘသတမြို့၊ မြို့ပတ်လမ်းအတိုင်း ရွာမမွတ်ဆလင်ရွာဘက်သို့ Derox-155ဆိုင်ကယ်အမျိုးအစား (နံပါတ်မပါ)ကို တစ်ဦးတည်းစီးနင်းလျက်မောင်းနှင်လာသည်ကို တွေ့ရှိရ၍ပူ းပေါင်းအဖွဲ့မှစစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းရန်ပြုလုပ်စဉ် နေထွန်းနိုင်(ခ)မဲမ မှာ ဆိုင်ကယ်အားထားခဲ့ပြီး ရွာမမွတ်ဆလင်ရွာထဲသို့ ထွက်ပြေးသွားခဲ့ရာ ရဲအုပ်သန်းဝင်းဦးစီးအဖွဲ့သည် နေထွန်းနိုင်(ခ) မဲမ၏ နောက်သို့ထပ်ကြပ်မခွါ လိုက်လံဖမ်းဆီးကြရာ မွတ်ဆလင်အိမ်များမှာ တစ်အိမ်နှင့်တစ်အိမ် ပူးကပ်နေကြကာ အိမ်ကြို အိမ်ကြားများအကြားထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
နေထွန်းနိုင်(ခ)မဲမ မှထားခဲ့သည့် ဆိုင်ကယ်အား ရှာဖွေကြရာဆိုင်ကယ်တူးဘောက်အတွင်း အညိုရောင် မြွေရေခွံအိတ်ဖြင့် WY/R စာတမ်းပါ (ပန်းရောင်)စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျင်(၉၇၅၀)ပြားစီပါ (၅)ထုပ်၊ စုစုပေါင်းဆေးပြား(၄၈၇၅၀)ပြား၊ (၄၃၈၇.၅)ဂရမ်၊ ကာလတန်ဖိုး(၉၇၅ဝဝဝဝဝ)ကျပ်အားရှာဖွေတွေ့ရှိရသဖြင့်အုပ်သန်းဝင်းမှသက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီးနောက် နေထွန်းနိုင်(ခ)မဲမ၏ နေအိမ်သို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဦးစော၊ ရာအိမ်မှူးဆွေယော့ဒူရာမန်တို့နှင့်အတူ မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်း အမှတ်(၇/၂၂)ဖြင့်ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိပြီး ပို့ဆောင်ဖြန့်ဖြူးကာထွက်ပြေးသွားသူ နေထွန်းနိုင်(ခ)မဲမအား ဥပဒေအရ မယ(ပ) ၁၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ- ၁၉(က)ဖြင့်အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment