Pages

Pages

ပျဉ်းမနားမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန Basic Rhythm ဂစ်တာတီးသင်တန်းဖွင့်လှစ်

 


MNP - အောက်တိုဘာ   ၁၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Basic Rhythm ဂစ်တာတီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန ဒုတိယထပ်၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် သင်တန်းနည်းပြဆရာ ဦးကျော်ကျော်ဝင်းက Basic Rhythm ဂစ်တာတီးသင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွား မည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားကြသည်။


အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဂစ်တာတီးနည်းဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူလိုသည့် သင်တန်း သား(၁၅)ဦးတို့ တက်ရောက်လျက်ရှိပြီး အောက်တိုဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၂)လကြာ အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့တိုင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment