Pages

Pages

ဒူးရင်းသီး နောက်သီးလက်ကျန်သီးများ တစ်လုံးငွေကျပ် တစ်သောင်းကျပ်အထိ ဈေးနှုန်းရရှိ



MNP - အောက်တိုဘာ   ၁၅


စားသုံးသူများ များပြားပြီး ကြိုက်နှစ်သက်‌လေ့ရှိပြီး နှစ်စဉ်ဈေး‌နှုန်း ကောင်းမွန်လျက်ရှိသည့် နှစ်ရှည်သီးနှံပင် သဘာဝ ဒူးရင်းသီးသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ သဘာဝ ရေမြေတောတောင် ရာသီဥတု အခြေအနေများအရ သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်ကြီးထွားလေ့ရှိပြီး ဆောင်းနှောင်းဆောင်းရာသီအကုန်၌ အပွင့်အသီးကင်း စတင်ကာ မိုးရာသီတွင် အသီးရင့်မှည့်ကြောင်း သိရသည်။


အဆိုပါသဘာဝ ဒူးရင်းသီးပင်များအား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ၌ များစွာရှိပြီး နှစ်စဉ်ဒူးရင်းသီးများ ရာသီချိန် တွင် များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ပြီး ဒူးရင်းသီးတစ်လုံးလျင် အသီးအရွယ်အစားပေါ် မူတည်၍ ငွေကျပ်(၂၀၀၀)ကျပ်မှ (၆၀၀၀) ကျပ် အထိ ဈေးနှုန်းရရှိပြီး ဒူးရင်းသီးပင် ခြံရှင်တောင်သူများအနေဖြင့် ဝင်ငွေများတိုးပွားရရှိလျက်ရှိကြောင်း သိရသည်။


ယခုအချိန်ကာလ၌ အဆိုပါဒူးရင်းသီးမှာ ဒူးရင်းသီးထွက်ချိန်ရာသီ ကုန်လွန်သော်လည်း အဆိုပါ ဒူးရင်းသီးမှာ အပွင့်အသီးကင်း နောက်ကျစွာ ထွက်ရှိခြင်းကြောင့် နောက်ကျ နောက်ကျန်ဒူးရင်းသီးမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ပူ‌ရေကျေးရွာမှ ထွက်ရှိပြီး ရှားပါးအသီးကျန် ဖြစ်သောကြောင့် တစ်လုံးလျှင် ငွေကျပ် (၁၀၀၀၀) ကျပ်အထိရရှိလျက်ရှိကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment