ကသာမြို့၌ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး




MNP - အောက်တိုဘာ   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီခွဲအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှု ရှိစေရန်နှင့် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ဆန်၊ ကြက်ဥနှင့် စားသုံးဆီများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံ စားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည်၊ ကြက်ဥ(၄)လုံးနှင့် ဆီ ၂၀ ကျပ်သားတို့ ပါဝင်သော ပစ္စည်းသုံးမျိုးကို  ၃၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ နှစ်လအတွင်း အိမ်ထောင်စု (၃၈၀၀)စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)