မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလား ရရှိခဲ့သည့် ရေနံချောင်းမြို့နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလား ရရှိခဲ့သည့် ရေနံချောင်းမြို့နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၁၉


မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ၂၀၂၂ ခုနှစ် အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ရေနံချောင်းမြို့နယ် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားဖြင့် မိမိတို့မြို့နယ်ဂုဏ်ကို ဆောင်ယူပေးနိုင်ခဲ့သည့် လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အထူးကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊ ယခုလို တိုင်းအဆင့် အောင်မြင်မှုမှသည် နိုင်ငံတော်နှင့် နိုင်ငံတကာ အဆင့်အထိ အောင်မြင်အောင် ဆက်လက် ကြိုးစားကြစေလို ကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ် အားကစားမှူး ဦးထွန်းထွန်းဦးက ပြိုင်ပွဲတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် အားသာချက် အားနည်းချက် များကို ရှင်းလင်း ပြောကြားသည်။


ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သည့် ကျောနံပါတ်(၇) မမြနှင်းဝေအား ဂုဏ်ပြုဆုငွေကျပ် ငါးသောင်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ရာ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ဆက်လက်၍ အောင်ပွဲရ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသားများက တံခွန်စိုက် ဆုဖလားအား မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးကော်မတီ ဥက္ကဋ္ဌထံသို့ အပ်နှံကြပြီး ညနေပိုင်းတွင် မြို့တွင်းသို့ လှည့်လည် အောင်ပွဲခံသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)