ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံအလုပ်ရုံ အလုပ်ဌာနများသို့ ရှောင်တခင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံအလုပ်ရုံ အလုပ်ဌာနများသို့ ရှောင်တခင်စစ်ဆေး

 



MNP - အောက်တိုဘာ   ၁၆


ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်မှုဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံ အလုပ်ဌာနများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ယမန့်နေ့ နံနက် ၁၁နာရီချိန်က ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် စက်ရုံ၊ အလုပ်ရုံများဖြစ်သည့် ပုလဲရတီရေသန့်စက်ရုံ၊ ရွှေပျံလွှားမုန့်တိုက်အလုပ်ရုံတို့အား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိရေး၊   လက်ဆေးကန်၊ ကိုယ်အပူချိန်တိုင်းတာရေးစက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် အသိပေးပိုစတာ၊  အလုပ်သမားများအတွက် နှာခေါင်းစည်း၊ လက်အိတ်များ တပ်ဆင်ရေးနှင့် လုံလောက်စွာ ထောက်ပံ့ပေးဝေရေး၊ ခြောက်ပေအကွာ အလုပ်လုပ်ခြင်း၊ အလုပ်သမားများ နေ့စဉ်ထိတွေ့ရသည့် ပစ္စည်းကိရိယာများကို ပိုးသတ်ဆေးဖျန်းရေး၊ လုပ်ငန်းခွင်ကိုလေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ရေး၊ အလုပ်သမား၊ မိသားစုဝင်များ ကျန်းမာရေးမကောင်းပါက စက်ရုံကြီးကြပ်ရေးမှူး၊ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရေးစသည့် စက်ရုံအလုပ်ရုံများ လုပ်ငန်းခွင် ဆောင်ရွက်ရမည့်အချက်များကို  အသိပညာပေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။


ထို့နောက် ကော်မတီအဖွဲ့ဝင်များသည် အောက်ဆီဂျင်စက်ရုံသို့ သွားရောက်၍ တစ်နေ့တာ အောက်ဆီဂျင် လည်ပတ်မှုအခြေအနေနှင့် ဌာနဆိုင်ရာရုံးများဖြစ်သည့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်အခွန် ဦးစီးဌာနရုံးရှိဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)