MNP - အောက်တိုဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းတို့အား ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာ က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ဆရာ/ဆရာမများ၏ ဂုဏ်ကျေးဇူးများ၊ စေတနာ၊ မေတ္တာကြီးမားမှူများအား ပြောကြားခဲ့ပြီး အ.ထ.က (၂) ဒဂုံကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးကိုကိုနိုင် က ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ဆရာ/ဆရာမ ကြီးများ၏ သင်ကြားပို့ချမှုများကို ဂရုတစိုက်အလေးထားသင်ယူကြရန် စသဖြင့် ဟောပြောခဲ့ ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာ က ဂုဏ်ထူး ဦးသိန်းနိုင် ရေးသားထားသော အလင်းရတနာစာစီစာကုံးပါ မြတ်ဆရာနှင့် မေတ္တာစိတ်စာအုပ်အား ဖတ်ပြဆွေးနွေးခဲ့ရာ ကျောင်းသားကျောင်းသူများကလည်း မြတ်ဆရာခေါင်းစဉ်ဖြင့် စာအုပ်အသီးသီးမှ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ကြည်ဇေသော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment