MNP ၊ အောက်တိုဘာ ၂၃
ပြည်မြို့ ဆံတော်ရပ်ကွက် ဇောတိကာရုံပါဠိတက္ကသိုကျောင်းတိုက်ကြီး၏ဦးစီးပဓာန နာယကဆရာတော် "အဂ္ဂမဟာပဏ္ဏိတ"ဘဒ္ဒန္တသူရဓဇ သက်တော်(၇၈)နှစ်၊ဝါတော်(၅၈)ဝါဆရာတော်ဘုရားကြီးသည် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည်ကျော်{၅)ရက် (၁၄.၁၀.၂၀၂၂)သောကြာနေ့ညနေ ၄နာရီ၂၅မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသဖြင့် ကြွင်းကျန်ရစ်သောရုပ်ကလာပ်တော်ကို ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက် (၂၁.၁၀.၂၀၂၂)ရက်နေ့နေ့လည်(၂)နာရီအချိန်တွင်အန္တိမအဂ္ဂိဈာပနအခမ်းအနားကိုပြည်မြို့ဇောတိကာရုံကျောင်းတိုက်၌ကျင်းပရာ ပြည်မြို့နယ်ရှိကျောင်းတိုက်အသီးသီးမှဆရာတော် သံဃာတော်များ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းအောင်နှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ဒါယကာ၊ ဒါယိကာမများတက်ရောက်ကြပြီး အခမ်းအနားကိုရှေးဦးစွာ"နမောတဿ ဗုဒ္ဒဝနာ"(၃)ဂါထာတော်ကိုရွတ်ဆိုဘုရားကန်တော့ပြီးဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဆင်မြီးဆွဲမြို့ ရှမ်းရွာတောင်ကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က(၅)ပါးသီလခံယူဆောက်တည်ကြပြီး အခမ်းအနားသို့ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်များထံ တရားနာပရိတ်သက်အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လူဒါန်းကြပြီး ဈာပနကျင်းပရေးကော်မတီဝင်ကျောင်းဒါယကာ ဦးသိန်းတန်နှင့် ဦးမောင်မောင်တို့က သာရေး/နာရေးကူညီမှုအသင်းထံ အလှူငွေများပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ဘဝနတ်ထံပျံလွန်တော်မူပြီးသော "အဂ္ဂမဟာပဏ္ဏိတ"ဘဒ္ဒန္တသူရဓဇ၏ ထေရုပ္ပတ္တိကိုဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် စာချနာယက ဘဒ္ဒန္တကဝိန္ဒဇောတိ ကဖတ်ကြားပြီး အဘိဓမ္မာဆရာမကြီး ဒေါ်အောင်ရင်ဦးဆောင်သော ဝတ်အသင်းအဖွဲ့က သံဝေဂကဗျာဖြင့်ရွတ်ဆိုပူဇော်သည်။ ဆက်လက်၍ ပြည်မြို့ချမ်းမြသာစည်ကျောင်းဆရာတော် ဘဒ္ဒန္တအာစီဏ္ဏဇောတိ က "ပစ္ဆိမဝန္ဒနာ"ဂါထာတော်ကိုရွတ်ဆိုပူဇော်ခြင်း ပြည်မြို့၊ငှက်သိုက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိတ က"အစ္စယောမံဘန္တေ"အစရှိသောဂါထာတော်ကိုဦးဆောင်ရွတ်ဆိုကာတပြည့်ဒါယကာ/ဒါယိကာမအပေါင်းတို့က တောင်းပန်ကန်တော့ခြင်း၊ ပြည်မြို့၊ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်ရှိ နာယကဆရာတော်များ၊စာချသံဃာတော်များ၊တပြည့်ဒါယကာ/ဒါယိကာမ အားလုံးကိုယ်စား"အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ"ဘဒ္ဒန္တဥတ္တမသိရိ ကအမိန့်တော်ပြန်တမ်းကိုဖတ်ကြားခြင်း၊ ဆရာတော်သံဃာတော်များအမှူးပြုသောတပြည့်/ဒါယကာ/ဒါယိကာမအပေါင်းတို့က"အနိစ္စာဝတ သင်္ခါရာ"စသော(၃)ဂါထာတော်ဖြင့်သံဝေဂဉာဏ်ပွားတော်မူကာ ဈာပနအခမ်းအနားပထမပိုင်းကိုရုပ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် နိဗ္ဗာန်ယာဉ်ပေါ်သို့ ကြွမြန်းတော်မူပါရန် ပင့်ဆောင်သည့်ဂါထာတော်ကို တဲကြီးကုန်းအရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလာစာရ ကရွတ်ဆိုလျှောက်ထားပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသော "အဂ္ဂမဟာပဏ္ဏိတ"ဘွဲတော်ပိုင်ရှင် ဆရာတော်ဘဒ္ဒန္တသူရဓဇ၏ ရုပ်ကလာပ်တော်ကို နိဗ္ဗာန်ယာဉ်ပေါ်သို့ ပင့်ဆောင်တော်မူပြီး ရုပ်ကလာပ်တော်အား အေးငြိမ်းရာသုသာန်၌ ဒါယကာ/ဒါယိကာမအပေါင်းတို့က မီးသင်္ဂြိုဟ်မှု ပြုခဲ့ကြောင်းသိရသည်။
ကိုစိုး(ပြည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment