ပန်ဝါမြို့တွင် အလင်းကမ္ဘာလူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ စတုတ္ထအကြိမ် မူးယစ်ဆေးဖြတ်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်ဝါမြို့တွင် အလင်းကမ္ဘာလူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ စတုတ္ထအကြိမ် မူးယစ်ဆေးဖြတ်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

 




MNP - အောက်တိုဘာ  ၁၆


ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသော လူငယ်/လူရွယ်များအား မူးယစ်ဆေး ဖြတ်ပေးခြင်း၊ ပြန်လည်ပျိုးထောင်ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက် ရှိသော အမှတ်(၂) ရပ်ကွက်ရှိ အလင်းကမ္ဘာ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း၌  စတုတ္ထ အကြိမ်မြောက် (၅)လတာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မေလခန့်ကစတင်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းကာလ (၅)လကြား လေ့ကျင့်သင်ကြားပေးခဲ့ရာ ၎င်းထဲမှ ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား(၃)ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် ပန်ဝါမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ကချင်အထူးဒေသ(၁)၊ ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝမ်ထယ်ဘရန်အောင်၊ ဘာသာရေးကျောင်းများမှ ဘာသာရေးဆရာများ၊ အလင်းကမ္ဘာ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ သင်တန်းဆရာများ၊ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသားများ စုစုပေါင်း အင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ယခု သင်တန်းဆင်းပွဲသည် စတုတ္ထအကြိမ်မြောက် သင်တန်းဆင်းပွဲဖြစ်ပြီး ယနေ့အထိ သင်တန်းသား (၇၀)ဦးခန့်အား မူးယစ်ဆေးဝါး ဖြတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


သတင်း - ပန်ဝါ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)