မူဆယ်မြို့ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ်

 




MNP - အောက်တိုဘာ ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့၊ တင်းနစ်အားကစားကွင်း၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင်  အောက်တိုဘာ ၂၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြသော တင်းနစ် ပြိုင်ပွဲဝင် များဖြစ်သည့် ပထမ၊ ဒုတိယ ရရှိသောနမ့်ခမ်းမြို့နယ် အမျိုးသမီးအသင်း၊တတိယဆုရရှိသော မူဆယ်မြို့နယ် အမျိုးသမီးအသင်းနှင့် ပထမဆုရရှိသော နမ့်ခမ်းမြို့နယ်အမျိုးသားအသင်း၊ ဒုတိယဆုရရှိသော မန့်ဟီးရိုး(က)အမျိုးသားအသင်း၊ တတိယဆု ရရှိသောနမ့်ခမ်း(က)အမျိုးသား အသင်းတို့ကို မူဆယ်မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဇော်လင်း၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဝင်နှင့်အဖွဲ့များက ဆုများပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားတွင် ဝိုင်းဝန်းကူညီပေးခဲ့သော ကော်မတီအဖွဲ့ဝင်များကို အားကစားနှင့်ပညာရေးဦးစီးဌာနမှ ဒေါ်သွယ်သွယ်လှိုင်က ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။ ယင်းနောက် မူဆယ်တင်းနစ်ကော်မတီဥက္ကဋ္ဌနှင့် နမ့်ခမ်းတင်းနစ်ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ချယ်ရီမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)