(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေ




MNP - အောက်တိုဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီးမှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီက ချောင်းသာကမ်းခြေသို့ လာရောက်အပမ်းဖြေခဲ့ကြကြောင်း သိရှိရသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်မှုဖြစ်ပါတယ်၊ အဓိကကတော့ ပြိုင်ဝင်တွေရဲ့ ကြိုးစားဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်ပြုတာဖြစ်ပါတယ်၊ ပြိုင်ပွဲတစ်လျှောက် စိတ်ပင်ပမ်း၊ လူပင်ပမ်းခဲ့တာတွေကို အပမ်းပြေစိတ်ကြည်နူးစေဖို့၊ နှောင်နှစ်ပြိုင်ပွဲတွေမှာ ထူးချွန်ထက်မြက် တဲ့ ပြိုင်ပွဲဝင်တွေကြိုးစားပေါ်ထွက်လာအောင် ခွန်အားဖြစ်စေဖို့ ရည်ရွယ်ပြီး အပမ်းဖြေခရီးစဉ် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ ပြိုင်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ထံက သိရသည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့က ခုလိုအပမ်းဖြေခရီးစဉ်စီစဉ်ပေးတာကို အရမ်းကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲဝင်ညီအစ်ကိုမောင်နှစ်မတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အပမ်းပြေ၊ ကိုယ်အပမ်းပြေခရီးစဉ်လေးဖြစ်လို့ အားရဝမ်းသာမိပါကြောင်း ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန်အကဖြင့် ပြိုင်ပွဲဝင်ခဲ့သူတစ်ဦးက ပြောသည်။


နေပြည်တော်၌ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ၁၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ၁၅ ဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၁၅ ဆု၊ နှစ်သိမ့်ဆု ၉ ဆု၊ အထူးဆု ၁ ဆုစုစုပေါင်းဆုတံဆိပ် ၅၈ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခုအနက် အဆင့်(၃)ရရှိခဲ့ကြောင်း သိရှိရသည်။


သတင်း - ကျော်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)