MNP - အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ ကံကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ တွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင် အောင်စိုက်ပျိုးကြရန်၊ သမဝါယမဦးစီးဌာနနှင့် ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာ စနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ တရားဥပဒေ အစီအမံများ၊ ကျေးလက်လမ်းများခင်းကျင်းရန် လျာထားမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ပန်းခင်းစီမံချက် ၂ ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ ကျေးရွာမီးလင်းမှုရရှိရေး ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအား အသီးသီးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သော လုံခြုံရေးအစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment