ရန်ကင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီအခြေခံမြန်မာ့သိုင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီအခြေခံမြန်မာ့သိုင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီခြေခံမြန်မာ့သိုင်းသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ဒုမြို့နယ်ပညာရေးမှူး ဦးဌေးလွင်မှ  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ အားကစားကမ္ဘာကို လွှမ်းစေရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကမ္ဘာကသိရှိသည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာရေး၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေး၊ ကိုယ်ခံပညာပြည့်ဝစေရေးတို့အတွက် ရည်ရွယ်၍ မိုးရာသီအခြေခံ မြန်မာ့သိုင်းသင်တန်းကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သင်တန်း သား/သူ များမှ အားကစားအဓိဓာန်ရွတ်ဆိုခြင်း၊ မြန်မာ့သိုင်းသရုပ်ပြခြင်း၊ Fitness Dance အဖွဲ့မှ သရုပ်ပြခြင်း တို့ကိုပြုလုပ်ပြီး၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ နည်းပြများနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ ဒုမြို့နယ်ပညာရေးမှူး ဦးဌေးလွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ ရန်ကင်းမြို့နယ် အားကစားမှူး ဒေါ်မျိုးစန္ဒာအေး၊ သင်တန်း သား/သူ များ၊ ဆရာ/မများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရသည်။


သတင်း - ရဲမင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)