MNP - အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဘိုး၊ အဘွားများအား၊ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ နှင့်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူများက ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်၊ ကန်တော်မင်္ဂလာဘိုးဘွား ရိပ်သာရှိအဘိုး၊ အဘွားများအား၊ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါဘိုးဘွားရိပ်သာ တွင်ထောက်ပံ့ပေးအပ်ကြသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသီဟန်ထွန်းနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ တာဝန်ရှိသူများက ကန်တော်မင်္ဂလာဘိုးဘွား ရိပ်သာရှိ အဘိုး၊ အဘွားများ အားပူဇော် ကန်တော့ကြပြီး၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော အဘိုး၊ အဘွားတစ်ဦးလျှင်ထောက်ပံ့ငွေကျပ်( ၁၅၀၀၀)နှုန်းဖြင့် အဘိုး(၁၇)ဦး၊အဘွား(၁၄)ဦး၊ စုစုပေါင်းအဘိုး၊ အဘွား(၃၁)ဦးတို့အား၊ ထောက်ပံ့ငွေကျပ် ( ၄၆၅၀၀၀) အား၊ သက်ဆိုင်ရာတာဝန်းရှိသူများက အသီးသီးထောက်ပံ့ပေး အပ်လှူဒါန်းခဲ့ကြ ကြောင်းသိရှိရသည်။
သတင်း - အောင်ဝင်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment