Pages

Pages

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် နတ်မောက်မြို့ ဆုတောင်ပြည့် ဘုရားကြီးကျောင်း၌ ဘုရားဖူးသူများဖြင့် စည်ကား




MNP - အောက်တိုဘာ   ၉


သီတင်ကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ ဘုရား၊ ကျောင်းကန်စေတီပုထိုးများတွင် ကောင်းမှုကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိရာ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးရှိ ပြည်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


နတ်မောက်မြို့၏ အထင်ကရဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးတွင် သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့ထူးနေ့မြတ်တွင် ဒေသခံပြည်သူများအပါအဝင် ဘုရားဖူးလာသူများက ဆုတောင်းပြည့် ဘုရားကြီးအား ပန်း၊ ရေချမ်း၊ အမွှေးတိုင်များ ကပ်လှူပူဇော်ပြီး ဘုရားကြီးတွင် ဥပုတ်သီတင်းများ ဆောက်တည်ခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ် ခြင်းနှင့် လူငယ်များကလည်း ဘုရားရင်ပြင်တွင် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထို့အတူ နတ်မောက်မြို့နယ်အတွင်းရှိ ရွှေနတ်ကယ်တောင်ဘုရားနှင့် သမိုင်းဝင် ပင်းမြို့ဟောင်း ရှင်အရဟံ မဟာဗောဓိရွှေညောင်တော်နှင့် အောင်သပြေညီနောင်တို့တွင်လည်း ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment