Pages

Pages

မြောက်ဥက္ကလာပမြို့နယ် သော်တာဆွေ စာကြည့်တိုက်တွင် စာရေးဆရာသုဝဏ္ဏကျော်စိန် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်အမှတ်တရ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၉


မြောက်ဥက္ကလာပမြို့နယ် သော်တာဆွေစာကြည့်တိုက်တွင် စာရေးဆရာသုဝဏ္ဏကျော်စိန် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်အမှတ်တရ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို မြောက်ဥက္ကလာပ မြို့နယ်၊ နီလာ(၆)လမ်း၊ (ဂ) ရပ်ကွက် သော်တာဆွေစာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သော်တာဆွေစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးလှစိုးက အမှာစကား ပြောကြားခဲ့သည်။ စာရေးဆရာမင်းသက်ပိုင်မှလည်း အမှတ်တရစကား ပြောကြားပေးခဲ့ပြီး မြို့နယ်များမှ စာရေးဆရာများကလည်း  အမှတ်တရစကားများ ပြောကြားပေးခဲ့ကြကြောင်းနှင့် စာအုပ်များလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြို့နယ်များမှ စာရေးဆရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိင်္ဂီပြည့်ဖြိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment