ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရရှိသော ကျေးရွာများ စိုက်ပျိုးရေးလုပ်ငန်းများကို မြေလွတ်၊  မြေရိုင်းမကျန်စိုက်ပျိုး ပေးကြဖို့နှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်းနေကြာ အထွက်နှုန်း ကောင်းမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုး ရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အမျိုးအစား၊ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ကျေးရွာရွေးချယ်ရာတွင် အခြေခံမူများနှင့် ပတ်သက်ပြီး Power Point ဖြင့် ရှင်းလင်းပြောကြားပြီးနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေ လွှဲအပ်ပေးရာ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈)စု၊ ကျေးရွာ(၄၉)ရွာ၊ တောင်သူ (၂၁၈၄)ဦး၏ စိုက်ဧက(၂၄၂၃.၅၀)အတွက် ငွေကျပ်သိန်း(၇၀၀၀)အား တာဝန်ရှိသူများက တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြစိမ်းရောင် စီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်း ရန်ပုံငွေရရှိသော ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)