အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် စားဝတ်နေရေး အဆင်ပြေချောမွေ့ စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အုန်းပင်အုပ်စု၊ သံဒိုင်ခင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


ဆက်လက်၍ တောင်ငူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်သက်ထွန်းက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့် တောင်သူ (၃၂) ဦး၊ အခြားသီးနှံစိုက်ပျိုးမည့် တောင်သူ (၃၅) ဦးတို့အတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ အားလွှဲပြောင်း ပေးအပ်ခဲ့သည်။


ထို့နောက် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်သက်ထွန်း၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။


အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေဖြင့် ကျပ်သိန်း ၇၀၀ အားကျေးရွာ ၅ ရွာလျာ ထားကြောင်း၊ ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာ ၄ ရွာ၊ ငွေကျပ် သိန်း ၃၀၀ ဖြင့် ကျေးရွာ ၁ ရွာ လျာထား ဆောင်ရွက်ထားကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)