ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့လေ့ကျင့်ခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့လေ့ကျင့်ခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်



နေပြည်တော် အောက်တိုဘာ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှ ၃၀ ရက်အထိ ကျင်းပမည့် ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့လေ့ကျင့်ခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး (ကလေးကျန်းမာရေး) ဒေါက်တာသိင်္ဂီအောင် ဦးဆောင်သည့် ကလေးအထူးကု ဆရာဝန်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ခြောက်ဦးတို့သည် အောက်တိုဘာ ၁၅ ရက် ည ၈ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်အမှတ် (PG-704) ဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ ကလေးအထူးကုဆရာဝန်များ တက်ရောက်ကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ကလေးကျန်းမာရေးဆိုင်ရာ ဆေးပညာနှင့် ကူးစက်ရောဂါများဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်စသည့် ဆေးပညာရပ်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းနှင့် တက်ရောက်လာသူ ပညာရှင်များအကြား အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ဆေးပညာနယ်ပယ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်လည်း ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး နှစ်နိုင်ငံအကြား ကျန်းမာရေးပညာရှင်များ အပြန်အလှန်စေလွှတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)