တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အစိုးရဖွဲ့အတွင်းရေးမှူး ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အစိုးရဖွဲ့အတွင်းရေးမှူး ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ




MNP - အောက်တိုဘာ   ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော် နှင့်အစိုးရအဖွဲ့ အတွင်းရေးမှူး  တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုတို့သည် ယမန်နေ့မွန်းလွဲအချိန်က ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ခရိုင်၊ မြို့နယ့် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက မြို့နယ်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည် ဆက် လက်၍ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်‌ဝင်းဌေးက ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများဖွင့်လှစ်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်းနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဆင့်ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဒေသလိုအပ်ချက် များကို တင်ပြ သည်။ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့ဝန်ကြီးနှင့် အတွင်းရေးမှူးတို့က မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များနှင့်သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍာများ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့်အစိုးရဖွဲ့ အတွင်းရေးမှူးတို့သည့် ရိုင်အဆင့် ဌာနဆိုင်ရာရုံးများဖွင့်လှစ်ထားသည့်ရုံးများအား သွားရောက်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဘုတ်ပြင်းခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဆောက်လုပ်မည့်မြေနေရာနှင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ ဆေးရုံးတို့အားသွား ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)