သုံးခွမြို့နယ်တွင် ပညာရေး စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးမြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေး နွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် ပညာရေး စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးမြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေး နွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၂၃


ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ် အခြေခံပညာဦးစီးဌာနမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယ‌မန်နေ့နံနက် ၉နာရီခွဲအချိန်က အထက(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စော ဦးကမိမိအနေဖြင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး များအားမြို့နယ်အဆင့် (ဆင့်ပွား)ပေးခြင်းဖြစ်ကြောင်း၊  ပညာရေးဌာနသည် အရေးကြီးသော ဌာနတစ်ခုဖြစ်၍ မြို့နယ်အတွင်းတည်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုသည်အဓိကကျ‌ကြောင်းနှင့် ခေါင်းဆောင်ကောင်း အရည်အချင်းပြည့်ဝရန် အရည်အချင်း စိတ်နေသဘောထားအပေါ် တန်ဖိုးများကို လက်တွေ့ဆောင်ရွက်ရန် လိုအပ်သောအချက်အလက်များအား အကျယ် တဝင့်ရှင်းလင်းဆွေးသည်။


အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှကျောင်အုပ်ဆရာကြီး၊ ဆရာမကြီးစုစုပေါင်း(၁၄၆) ဦးတက်ရောက် ကြပြီး ဆွေးနွေးပွဲကို(၂)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရ သည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)