MNP - အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူငယ်လူရွယ်များနှင့် ကျောင်းသား/ ကျောင်းသူများ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလအတွင်း မိမိနှင့်ပတ်ဝန်းကျင်ရှိ လူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှကူညီစောင့်ရှောက်ပေးနိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ပေါက်မြို့အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ် သင်ကြားပေးသည်။
အဆိုပါရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များအား ကြက်ခြေနီ အကြောင်းအရာသိကောင်းစရာများ၊ ရှေးဦးပြုစုနည်းအခြေခံသဘောတရား လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်စေမှုမေ့ခြင်း/ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း/ ကုတ်ခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာများအား ရောဂါသက်သာစေရန် ကုသနည်းများအရေးပေါ် အသက်ကယ် လူနာအားကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြု နည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူနှင့် လူငယ် လူရွယ်များ (၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
သတင်း - ကိုရွှေယော
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment