တောင်ငူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 





MNP - အောက်တိုဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးဦးစီးဌာန၌၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကို ကျေးရွာ(၅)ရွာတွင် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ကရင်ချောင်းကျေးရွာ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့၊ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးတို့က ဆီထွက်သီးနှံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က ကရင်ချောင်းကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီထံသို့ ရန်ပုံငွေကျပ် သိန်း (၁၀၀) လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက တောင်သူများထံသို့ နေကြာမျိုးစေ့များကိုလည်းကောင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူတစ်ဦးချင်းအား ရန်ပုံငွေများကိုလည်း ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တောင်သူများထံသို့ ဓါတ်မြေသြဇာကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။


တောင်ငူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေဖြင့် ကရင်ချောင်း၊ စဉ့်အိုင်၊ မဝါ၊ ဘာနှောင်းနှင့် လက်ပံတံခါး ကျေးရွာ (၅) ရွာတွင် တောင်သူ(၁၄၂)ဦးမှ နေကြာသီးသန့် စိုက်ဧကပေါင်း(၄၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)