MNP - အောက်တိုဘာ ၂၅
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းက အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သင်တန်းသူများအား သင်တန်းတွင်လက်တွေ့ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်း(၁၀)မျိုးတို့ အမှတ်တရပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၁၀)ဦးတက်ရောက်ခဲ့ကြပြီး Body Shower ပြုလုပ်နည်း၊ Shampoo ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာရည်ပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြရည်ပြုလုပ်နည်း၊ ပရုတ်ဆီ ပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်း၊ ဆပ်ပြာအကြည်ပြုလုပ်နည်း၊ ဖယောင်းတိုင်ပြုလုပ်နည်းနှင့် PH Levek ပတ်သည့်အကြောင်းအရာများကို သင်တန်းကာလ (၅)ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်တန်းပို့ချခဲ့ပြီး သင်တန်းသူများက စိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းမှ အမျိုးသမီးငယ်များအတွက် အိမ်တွင်းတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေရမည့် အခွင့်အလမ်းတစ်ရပ်ဖန်တီးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment