ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - အောက်တိုဘာ   ၁၉


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက စုပေါင်းမဟာဘုံကထိန် အခမ်းအနား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပဒေသာပင် လျာထားစာရင်း၊ ဆပ်ကော်မတီများ၏ ဆောင်ရွက်ရမည့်လုပ်ငန်း အခြေအနေ၊ အစီအမံများနှင့် ဆုံဖြတ်ပေးရမည့် အချက်များ၊ ကုန်ကျမည့်စရိတ်များကို တင်ပြကြရန် အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးသန်းအေးဆွေကမှ ကော်မတီဖွဲ့စည်းမှု၊ လှူဒါန်းမှု၊ ယခင်နှစ် ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်သာသနာရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးသန်းထွေးက သံဃာတော်များပင့်ဆောင် ဖိတ်ကြားရေး၊ အခမ်းအနားဖိတ်စာများ စီစဉ်ဆောင်ရွက်မှုနှင့် အခမ်းအနားပြင်ဆင်ရေးအတွက် ကုန်ကျမည့် ကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် အခြေအနေများ၊ အစီအမံများကို ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူးက ကော်မတီအသီးသီး၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)