ပူတာအိုခရိုင်၌ မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်းနှင့်မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်၌ မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်းနှင့်မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး



MNP - အောက်တိုဘာ  ၂၃


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ လာမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီလွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ဆောင်ရွက်ခြင်းနှင့်မဲရုံ လျာထား သတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ကျင်းပခဲ့သည်။


တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးဘရန်ရှောင်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အမှတ်စဉ်(၁)နှင့်အမှတ်စဉ်(၅)သည် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့်သက် ဆိုင်ကြောင်း၊ အမှတ်စဉ်(၁)ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊လာမည့်ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲစာရင်းများမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲအဆင့်ဆင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ကျန်ရှိသည့်ဌာနဆိုင်ရာများကလည်း မိမိကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မဲစာရင်း မှန်ကန်မှသာ မဲရုံလျာထားတွက်ချက်မှု မှန်ကန်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး မဲစာရင်းများပြုစုရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုအပ်မှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်အလိုက်မဲစာရင်းများစိစစ်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်များ ခန့်မှန်းတွက်ချက်ခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များ၏ဆောင်ရွက် ထားရှိမှု အပေါ်လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဧပရယ်စိုးက ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်း၊မဲရုံများလျာထား သတ်မှတ်ခြင်းနှင့်မဲရုံသုံး ပစ္စည်း လိုအပ်ချက်လျာထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုတင်ပြဆွေးနွေးပြီး ခရိုင်/မြို့နယ်မှဌာနဆိုင်ရာများက ရွေးကောက်ပွဲ ဆိုင်ရာအကြိုပြင်ဆင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။


အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ညနေပိုင်းတွင် မချမ်းဘော့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်‌ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ခန့်မှန်းမဲဆန္ဒရှင်စာရင်းကောက်ယူမှုများနှင့် မဲရုံလျာထားမှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပူတာအိုနှင့်မချမ်းဘော့မြို့နယ်အတွင်း လာမည့်ရွေး ကောက်ပွဲတွင်လျာထားသည့် မဲရုံများ တွင်ပါဝင်သော မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများ၏သက်ဆိုင်ရာ လွှတ် တော်အသီးသီးနှင့်တိုင်းရင်းသားကိုယ်စား လှယ်များအတွက်ဆန္ဒမဲပေးနိုင်ရန် နမူနာခင်းကျင်းပြသထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)