မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ  ၂၈


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သရက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးအပ်ပွဲနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက သရက်မြို့ တေဇအားကစားခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံစားသောက်ကုန်များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၅၀) စုမှ အိမ်ထောင်စုဝင်များအား စားကုန်များထောက်ပံ့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သရက်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခဲ့သူ ပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ (၆၄၆) ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)