ငွေဆောင်မြို့တွင် ၂၀၂၂-၂၀၂၃ခု နှစ်၊ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲများသို့ တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေဆောင်မြို့တွင် ၂၀၂၂-၂၀၂၃ခု နှစ်၊ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲများသို့ တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ




MNP - အောက်တိုဘာ  ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲများသို့ တာဝန်ပေးအပ်ခြင်း အခမ်းအနားအားကျင်းပခဲ့သည်။ ဆောင်းသီးနှံ နေကြာစီမံကိန်း အခမ်းအနားသို့ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပုသိမ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်း၊ ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မျိုးသန့်၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ကျေးရွာခွဲတာဝန်ခံများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ စီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဆန်းဝင်းမှ စီမံကိန်းသီးနှံ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပြောကြား ဆွေးနွေးသည်။ ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မျိုးသန့်မှ စီမံကိန်းသီးနှံအောင်မြင်ရေး အတွက်ဆောင်ရွက်ရမည့်ကိစ္စများ၊ အထွက်နှုန်းကောင်း ရရှိရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စအားဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကျေးရွာခွဲတာဝန်ခံများသို့ စီမံကိန်းတာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   


သတင်း - ကျော်လင်းဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)