သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲပြုလုပ်



MNP - အောက်တိုဘာ   ၁၈


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင်  စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ခုံလုတန်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများကို ကလေးသူငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများ ရှိစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား (၁၂) ဦး၊ ခုံလုတန်း ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများကို မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)