ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကျင်းပ



MNP - အောက်တိုဘာ  ၁၂


ဥပဒေအရာရှိများ ဥပဒေရေးရာနှင့်ဥပဒေဘာသာပြန်ကိစ္စများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် အထောက်အကူဖြစ်စေရန်၊ အင်္ဂလိပ်စာကို အခြေခံမှစ၍ သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဥပဒေရေးရာ အင်္ဂလိပ်စာအရည်အသွေးများ တိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန်၊ လေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်နေခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးမပြတ်တိုးတက်ကြစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများပီပီ တရားဥပဒေစိုးမိုးရေးပိုင်းတွင် ပိုမိုလေ့လာသိရှိသော အရည်အသွေးကောင်းများဖြင့် ပြည်သူကို အကျိုးပြုနိုင်ကြစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ဥပဒေဆိုင်ရာအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိ ဦးဝင်းမောင်တို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆရာများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။


အဆိုပါသင်တန်းသို့ ပြည်နယ်ဥပဒေချုပ်ရုံး၊ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်ရုံးတို့မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ အင်္ဂလိပ်စာဌာနမှ ဒုတိယပါမောက္ခချုပ်နှင့် အင်္ဂလိပ်စာကျွမ်းကျင် ဆရာတစ်ဦးတို့က ရက်သတ္တပတ်သုံးပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)