အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့၌ ဘုရားဖူးများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့၌ ဘုရားဖူးများဖြင့်စည်ကား



MNP - အောက်တိုဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လဆန်း (၁၄)ရက်ရက်နေ့ ယမန်နေ့ ညနေပိုင်းမှစတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။


ဘုရားဖူးလာပြည်သူများက ဘုရားအတွင်း ဆီမီး၊ ရေချမ်း၊ ဘုရားပန်း၊ အမွှေးတိုင်၊ ရွှေသင်္ကန်း၊ အရုဏ်ဆွမ်း များစသည့်လှူဖွယ်ဝတ္တုများကို မြတ်စွာဘုရားအား ရည်မှန်း၍ ကပ်လှူပူဇော်ကြသည်။ ဘုရားဖူးအပြီး ရှင်ပင်ချမ်းသာဘုရားရှေ့ရှိ ကရဝိတ်ဖောင်တော်ရင်ပြင်၌ အနားယူလေညှင်းခံကြသူများဖြင့် စည်ကားနေ ပြီးအိမ်မဲမြို့တည်ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ကပ်လှူပူဇော် ပွဲကိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ဘုရားဂေါပကထံမှ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)