လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများပြုလုပ်



MNP - အောက်တိုဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်  အောင်မင်္ဂလာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ သည်။


ရှေးဦးစွာ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်းမှ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ နေအိမ်များတွင် မီးဖိုများ အသုံးပြုပုံ၊ မိမိ နေအိမ်များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်ရှောင်ရန်များ၊ လျှပ်စစ်ဓာတ်အား အသုံးပြုပုံ၊ ဓာတ်ဆီ ဖြည့်ခြင်း၊ ဖလှယ်ခြင်းများ ပြုလုပ်လျှင် ဆောင်ရန်ရှောင်ရန်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက်လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်း ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၃)ဦးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ပြသပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာသာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦး၊  မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျနှင့် ဝန်ထမ်းများနှင့် ဈေးရောင်းဈေးဝယ်များ ကြည့်ရှု အားပေးခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)